Dear Sayar/Sayarma,

May I kindly follow up the status of the previous request to help for Pa'O Wikipedia. Is there any update, please? Looking forward to hearing from you soon. Thank you.

Kind Regards,
Dr. Kyi Phyo Htet (he/him)
Myanmar Wikimedia Community User Group
Mobile. +95 9 534 2935 
facebooktwitter


On Tue, Feb 1, 2022 at 1:17 AM Kyi Phyo Htet <leonhart.njs@googlemail.com> wrote:

မင်္ဂလာပါ။

ကျွန်တော်ကတော့ Myanmar Wikimedia Community User Group (MWCUG)[1] နဲ့ မြန်မာဝီကီပီးဒီးယား တိုးတက်ပြန့်ပွားရေး ကော်မတီ က ဒေါက်တာကြည်ဖြိုးထက် ဖြစ်ပါတယ်။ ဝီကီပီးဒီးယား ပရောဂျက်များမှာ [[User:Ninjastrikers]] အမည်ဖြင့် ပါဝင်ပံ့ပိုးနေသူ ဖြစ်ပါတယ်။[2] ပအိုဝ်းဝီကီပီးဒီးယား ဖြစ်ပေါ်လာရေးအတွက် ဆရာ/ဆရာမတို့ဆီက အကူအညီ လိုအပ်နေတဲ့အတွက် ကူညီပံ့ပိုးပေးနိုင်ဖို့ အခုလို ဆက်သွယ်ရခြင်းဖြစ်ပါတယ်။

ဝီကီမီဒီယာ ဖောင်ဒေးရှင်းကနေ အွန်လိုင်း အခမဲ့ စွယ်စုံကျမ်း ဝီကီပီးဒီးယား (Wikipedia) ကို မြန်မာဘာသာစကားအပါအဝင် ဘာသာစကားပေါင်း ၃၀၀ ကျော်နဲ့ လွှင့်တင်ထားပါတယ်။[3]

၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ပအိုဝ်းဘာသာစကား တတ်ကျွမ်းတဲ့ လူငယ်အချို့နဲ့ ပအိုဝ်းဝီကီပီးဒီးယား စမ်းသပ်ပရောဂျက်ကို စတင်ခဲ့ပါတယ်။[4] အခုအခါ စမ်းသပ်ပရောဂျက် အဆင့်ကနေ ကိုယ်ပိုင်ဒိုမိန်းနဲ့ ဝီကီပီးဒီးယား ဝဘ်ဆိုဒ်အနေနဲ့ လွှင့်တင်နိုင်ဖို့အတွက် ဝီကီမီဒီယာရဲ့ ဘာသာစကား ကော်မတီ (Language Committee)[5] ကနေ နောက်ဆုံး စစ်ဆေးအတည်ပြုတဲ့ အဆင့်ကို ရောက်ရှိနေပါပြီ။ စစ်ဆေးအတည်ပြုဖို့အတွက် စမ်းသပ်ပရောဂျက်ဟာ ပအိုဝ်းဘာသာစကားနဲ့ ရေးသားထားတာဟုတ်မဟုတ်၊ စွယ်စုံကျမ်း အဖြစ် ရေးသားထားခြင်းရှိမရှိကို စစ်ဆေးပေးဖို့ လိုလာပါတယ်။ ပုံမှန်အားဖြင့် ဒီလိုစစ်ဆေးတာကို ဘာသာစကား ကော်မတီကနေ လုပ်ဆောင်တာဖြစ်ပေမယ့် ယခု ပအိုဝ်းဘာသာစကားအတွက် စစ်ဆေးနိုင်ဖို့ ဘာသာစကား ကျွမ်းကျင်သူ မရှိတဲ့အတွက် MWCUG ကနေ တဆင့် ဘာသာစကား ကျွမ်းကျင်သူ (Language expert/linguists) ကို ရှာဖွေပေးဖို့ ဘာသာစကား ကော်မတီက အကူအညီတောင်းခံလာပါတယ်။ ဒါကြောင့် ပအိုဝ်းဝီကီ စမ်းသပ်ပရောဂျက်ကို စစ်ဆေးအကဲဖြတ် အတည်ပြုပေးနိုင်ဖို့ ပအိုဝ်းဘာသာစကား ကျွမ်းကျင်ပညာရှင်ကို  ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ဖက်မှ ချိတ်ဆက်ပေးနိုင်စေရေး ကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျား။

ဒါဟာ ပအိုဝ်းစာပေကို ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်မှာ တိုးတက်ပြန့်ပွားစေနိုင်ရေးအတွက် ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) အနေဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ ပအိုဝ်းဘာသာစကား ဝီကီပီးဒီးယား လွှင့်တင်ပြီးနောက်ပိုင်းမှာလည်း ပအိုဝ်းဘာသာစကား အွန်လိုင်း အဘိဓာန် (ဝစ်ရှင်နရီ) ကိုလည်း ဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။[6]

စစ်ဆေးအတည်ပြုဖို့အတွက် ပအိုဝ်းဘာသာစကား ဝီကီပီးဒီးယားမှာ ပါဝင်ပံ့ပိုးရေးသားထားမှု မရှိခြင်းတဲ့၊ ပအိုဝ်းဝီကီပီးဒီးယား စမ်းသပ်ပရောဂျက်နဲ့ ဆက်စပ်ပတ်သက်ခြင်းမရှိတဲ့ ဘာသာစကား ပညာရှင်/ကျွမ်းကျင်သူ တစ်ဦး သို့မဟုတ် နှစ်ဦးရဲ့ အမည်၊ ရာထူး သို့မဟုတ် အလုပ်အကိုင်၊ ပအိုဝ်းဘာသာစကားနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှုနှင့် အီးမေးလ်လိပ်စာ တို့ကို ထောက်ပံ့ပေးနိုင်ပါတယ် ခင်ဗျာ။ MWCUG အနေနဲ့ မြန်မာဝီကီပီးဒီးယား အပါအဝင် ရှမ်းဘာသာစကားနဲ့ မွန်ဘာသာစကား ဝီကီပီးဒီးယားများကိုလည်း ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

အသေးစိတ်ထပ်ပြီး သိလိုတာပဲဖြစ်ဖြစ်၊ မေးမြန်းစရာများ ရှိလာခဲ့ရင်ဖြစ်ဖြစ် ကျွန်တော့ရဲ့ လက်ရှိ အီးမေးလ် (Leonhart.njs@googlemail.com) သို့မဟုတ် ဖုန်း 09-5342935 တို့ကို ဆက်သွယ်နိုင်သလို ဖေ့စ်ဘွတ်မက်ဆင်ဂျာ (m.me/ninjastrikers) ကနေလည်း ဆက်သွယ်နိုင်ပါတယ် ခင်ဗျား။ Myanmar Wikimedia Community User Group နဲ့ မြန်မာဝီကီမီဒီယာ ပရောဂျက်များအကြောင်း မိတ်ဆက်ကိုလည်း attachment အနေနဲ့ ထည့်သွင်းထားပါတယ်။

ဆရာ/ဆရာမတို့ဆီက ပြန်စာကို စောင့်မျှော်လျက်

 

ကျေးဇူးတင်စွာဖြင့်

ဒေါက်တာ ကြည်ဖြိုးထက်

[1] https://meta.wikimedia.org/wiki/Myanmar_Wikimedia_Community_User_Group

[2] https://meta.wikimedia.org/wiki/User:Ninjastrikers

[3] https://meta.wikimedia.org/wiki/List_of_Wikipedias

[4] https://incubator.wikimedia.org/wiki/Wp/blk/%E1%80%A1%E1%80%93%E1%80%AD%E1%80%80%E1%80%9C%E1%80%AD%E1%80%90%E1%80%BA%E1%80%99%E1%80%B2%E1%80%B7%E1%80%84%E1%80%AB

[5] https://meta.wikimedia.org/wiki/Language_committee

[6] https://incubator.wikimedia.org/wiki/Wt/blk/%E1%80%A1%E1%80%93%E1%80%AD%E1%80%80%E1%80%9C%E1%80%AD%E1%80%90%E1%80%BA%E1%80%99%E1%80%B2%E1%80%B7%E1%80%84%E1%80%AB

 



Kind Regards,
Dr. Kyi Phyo Htet (he/him)
Myanmar Wikimedia Community User Group
+95 9 534 2935 
facebooktwitter